ဇမ္ဗူသီရိ ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် “အာဇာနည်နေ့အကြောင်းသိကောင်းစရာများ” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက “အာဇာနည်နေ့အကြောင်းသိကောင်းစရာများ” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာခိုင်မင်း(နေပြည်တော်)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုတာလဲဆိုသည့်အကြောင်း၊ တကယ့်အာဇာနည်ဆိုတာ ဘာလဲဆိုသည့်အကြောင်း၊ အာဇာနည်နေ့နှင့်ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)