မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၅)ခုနှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန်တုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(CommunityCenter)ခန်းမ၌ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မန်တုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသော အခြေခံအထက်တန်းကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကို အမှတ်ရနေစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိများနှင့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီး မူလတန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅)ဦးမှ အာဇာနည်နေ့နှင့်ပတ်သက် သောပုံတူများဖြင့် ဆေးရောင်ခြယ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)