ပျော်ဘွယ် ဇူလိုင် ၁၃
ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၁၃)ရက်၊ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိများကို ကျောင်း သား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောပြီး မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက စကားပုံဆက်ပြိုင်ပွဲတွင် ဆုရွေးချယ်ခဲ့သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဇူလိုင်လ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)