မဟာအောင်မြေမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မဟာအောင်မြေ ဇူလိုင် ၁၃

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ဇူလိုင်(၁၉)ရက်နေ့၌ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မဟာအောင်မြေမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မဟာအောင်မြေမြို့နယ် အမှတ်(၂)အ.ထ.က(ခွဲ)ကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးမင်းသိန်း ဦးဆောင်၍ ဆရာ/ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အာဇာနည်‌နေ့အကြို‌ဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးမင်းသိန်းနှင့် အလယ်တန်းပြဆရာမ ဒေါ်ခင်စိုးညွှန့်တို့မှလည်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအား လေးစားအမှတ်ရနေစေရန် ရည်ရွယ်၍ ဟောပြောခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျေင်းသူများက ခင်းကျင်းပြသထားသော အာဇာနည်နေ့နှင့် ပတ်သက်သည့် ဓာတ်ပုံများ၊နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း