နောင်ချိုမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို)အသိပညာပေး ဟောပြောပွဲဆောင်ရွက်

နောင်ချို ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊     နောင်ချိုမြို့နယ်   အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မြန်မာ တစ်မျိုးသားလုံးအတွက် နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အာဇာနည်နေ့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးက ဟောပြောပွဲဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာ စောင်နှင့် ဓာတ်ပုံပြဘုတ် များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထွေးငယ်၊ပြန်/ဆက်