ကလိန်အောင် ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီအောင်တော်မူ ဝတ်ပြုကျောင်းတွင် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်လျက်ရှိရာ စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ကောင်းမှုကုသိုလ်ပြုရာတွင် သံဃာတော်အရှင်သူမြတ်များအား ပန်း၊ နဝကမ္မအလှူငွေ၊ လှူဖွယ်ပစ္စည်း၊ ဝါဆိုသင်္ကန်းစသည်ဖြင့် ဆက်ပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ ဝါဆိုလပြည့်နေ့မှ ဝါတွင်းကာလပတ်လုံး ဗုဒ္ဓဘာသာဝင်များအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းများဖြင့် ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)