ပုဗ္ဗသီရိ ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစင်္ကြာအ ခါတော်နေ့) တွင် ဘုရားဖူးများနှင့်စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ကျရောက်သော ဝါဆိုလပြည့်(ဓမ္မစင်္ကြာအခါတော်နေ့)သည် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာရောက်ကြသူများ၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ကြသူများ၊ ပဌာန်းရွတ်ဖတ် ပူဇော်ကြသူများ၊ လိပ်စာ၊ ငါးစာကျွေးသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)