တိုက်ကြီး ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့နှင့် အဖျောက်မြို့များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွား (၆) ဦး၊ အဖျောက်မြို့ ၄ ရပ်ကွက် အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွား (၁၄) ဦး စုစုပေါင်း ဘိုးဘွား (၂၀) ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ် သော လူမှုရေး ပင်စင်ထောက်ပံ့ငွေ ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)