ကရသူရိ ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၂၈) နေရာ၌ ယမန်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လဲကျပိတ်ဆို့နေသည့် သစ်ပင်အား ယာဉ်များ သွားလာ/ ပြတ်တောက်မှု မရှိစေရေးအတွက် အလျင်အမြန် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်းမကြီးပေါ်တွင် လဲကျပိတ်ဆို့နေသည့်အတွက် ယာဉ်အန္တရာယ်မဖြစ်ပွားစေရန်နှင့် ယာဉ်အသွားအလာ ပြတ်တောက်မှုမရှိစေရေး ဒေသခံပြည်သူများ ပူးပေါင်း၍ အလျင်အမြန် ရှင်းလင်းဆောင်ရွက်ခဲ့ကြသဖြင့် ခရီးသွားယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်း၍ လေပြင်းတိုက်ခတ်မှု အနည်းအကျဉ်းဖြစ်ပေါ်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်း လမ်းများအား အသိပေးဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)