သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် ဝါဆိုလပြည့်‌နေ့၌ ဘုရားဖူး‌မြော်သူများပြား

မိုးညှင်း ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၌ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကြသူ များပြားကြောင်း သိရသည်။

ဘုရားဖူးမြော်ကြည်ညိုကြရာတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော်ကြီးများ အပါအဝင် သံဃာတော်/သီလရှင်များနှင့် ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ဘုရားရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထု‌ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်းနှင့် ဥပုသ်သီလ‌စောင့်တည်ခြင်းတို့ဖြင့် ဘုရားဖူး‌မြော်ကြည်ညိုကြသူ များပြားလျက်ရှိကြောင်း ဘုရားဂေါပက အဖွဲ့ဝင် ဦးသောင်းညွှန်ထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)