ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြိုမှုဖြစ်ပွား

ဒဂုံတောင် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၂၂)ရပ်ကွက် သရဖီလမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်သောကြောင့် သစ်ပင်လဲပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်လဲမှုသည် လုံးပတ်(၂၀)ပေ၊ အမြင့်(၈၅)ပေခန့်ရှိသော ညောင်ပင်လဲပြိုမှုဖြစ်ပြီး ထို့သို့ သစ်ပင်လဲကြမှုအား ပန်းဥယျာဉ်ဌာနမှ အမြန်ဆုံးလာရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲပြိုမှု့ကြောင့်နေအိမ် (၄)လုံး၏နောက်ဖေးမီးဖိုခန်းအမိုးသွပ်အနည်း ငယ်ပျက်စီးခြင်း၊လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)