တိုက်ကြီးမြို့နယ်တွင်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး

တိုက်ကြီး ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသော စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်    နာရီက တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူ စုစုပေါင်း ၅၂၁ ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။  

စန်းကလျာခိုင်(ပြန်/ဆက်)