ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ ခရီးသွားလာမှု နည်းပါးသည့်အတွက် သန်လျင်မြို့နယ်အတွင်း Taxi ယာဉ်များ စီးနင်းသူနည်းပါး

သန်လျင် စက်တင်ဘာ  ၉


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေ့ရှိပြီး နောက် ခရီးသွားပြည်သူများ အသွားအလာ ကန့်သတ်မှုများရှိနေခြင်းကြောင့် အရေးကြီးကိစ္စရပ် များမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာမှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း Taxi ယာဉ်ဌားရမ်း စီးနင်းမှုနည်းပါးကြောင်း သန်လျင် ဖို့မြေဂိတ်မှ အဌားယဉ်မောင်း ကိုစည်သူကပြောသည်။
ကိုဗစ်−၁၉ ဖြစ်ပွားစဉ်ကာလ ဌားရမ်းစီးနင်းသူများ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် အဌားယာဉ်တိုင်းတွင်  လက်သန့်ဆေးရည်၊ နှာခေါင်းစည်း(Mask)များ ထားရှိပေးထားသည်ကို တွေ့ရှိရပြီး အဌားယာဉ်မောင်း  ကိုဖိုးဆယ်က  “စီးနင်းသူ     နည်းပါးသည့် အတွက် အုံနာကြေး၊ ဆီဖိုးများ အခက်အခဲဖြစ်လာကြောင်း၊ မိသားစုခုနှစ်ဦးရှိ၍  ရေရှည်ကိုဗစ်ဖြစ်ပွားမှု မထိန်းချုပ် နိုင်လျှင် စားဝတ်နေရေးအတွက်  အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း၊ ရောဂါကြီး  အမြန်ကင်း ပျောက်ရန် သာဆုတောင်းနေရကြောင်း” ပြောသည်။ 
သန်လျင်မြို့ဖို့မြေ အဌားယာဉ်ဂိတ်တွင်ယာဉ်စီးရေ(၂၀)ကျော်ရှိပြီး အများစုမှာ   ကိုယ်ပိုင်ထက် အဌားစနစ်ဖြင့် မောင်းနှင်ပြေးဆွဲနေရကြောင်းသိရသည်။ 
သန်းဝင်း(သန်လျင်)