သုံးခွမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေးနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

သုံးခွ စက်တင်ဘာ     ၉


ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ကပ်ထားကြေညာရာတွင် ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သုံးခွမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချစ်ကိုကိုက ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေငြာနိုင်ရေးအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးမှုကို စက်တင်ဘာ၉ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်၍မဲစာရင်းများကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များကဝိုင်း၀န်းကူညီစစ်ဆေးပေးစေလိုကြောင်း၊သုံးခွမြို့နယ်တွင်မဲရုံ(၁၇၅)ရုံလျာထားပြီးအဆိုင်းဆယ်ဆိုင်းခွဲထားပြီး ဖြစ်ပါကြောင်းနှင့် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ (၁၂၄၂၇၉)ဦးရှိပါကြောင်း စသဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းစောဝေက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအားလုံးကလဲ ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဒုတိယအကြိမ် မဲစာရင်းများကြေငြာရာတွင် ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မဲစာရင်းများ စစ်ဆေးရာတွင် ဌာနဆိုင်ရာများမှ ဝိုင်း၀န်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် ဦးကျော်စိုးမှ ကြိုတင်မဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များမှ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်