ဒဂုံ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိ/မရှိ (Contact Tracing)အဖြစ် အလိုအလျောက် အပူချိန်တိုင်းစက်ကရိယာဖြင့် ရောဂါရှာဖွေစစ်ဆေး ပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအီနွယ်လှိုင်ပူနှင့် ဌာနဆိုင်ရာကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ယနေ့ နံနက်၉နာရီက ဦးဝိစာရတိုက်ခန်းနေပြည်သူများအား ဆက်လက် ကွင်းဆင်းစစ်ဆေးပေးကြောင်း သိရ သည်။
စစ်ဆေးပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့်မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ အဖွဲ့(၄)ဖွဲ့ခွဲ ကာ အိမ်ထောင်စုတစ်စုချင်းစီ လူဦးရေစာရင်းကောက်ယူပေးပြီး တစ်ဦးချင်းအလိုက် (၆)ပေ အကွာဖြင့် အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးကိုဗစ်-၁၉ရောဂါကာကွယ်နိုင်မည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)