အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ဘုတ်ပြင်း   ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ အသက်()နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခြင်း ယမန် နေ့မှစ၍ သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ဘုတ်ပြင်းမြို့ အထက-ဘုတ်ပြင်းကျောင်း၊ အမက-ရွှေဘုံသာကျောင်း၊ မာရ်အောင်ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများကို ကာကွယ်ထိုးနှံပေးလျက်ကြောင်းသိရသည်။

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်ကျောင်းများတွင် သတ်မှတ်ရက်အလိုက် ကျန်းမာရေးဝန်ထမ်းများက စနစ် တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဘုတ်ပြင်းခရိုင်အတွင်းတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ကျောင်းသားကျောင်းသူ (၁၀၁၂၉)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အခြေခံပညာကျောင်းများမှ အသက်()နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကိုဆက်လက်ထိုးပေးလျက်ရှိပြီး ဒုတိယအကြိမ်ဆေးထိုးနှံခြင်းကို သတ်မှတ်ရက်များတွင် ဆေးထိုးစုရပ်ကျောင်းများဆက်လက် ထိုးသွားမည်ဖြစ်ကြောင်းသိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)