ရှမ်းရွာသစ်၊ စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပိုးပလေကျေးရွာအုပ်စု၊ ခလော့ဒေးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးမှုရှိသောပြည်သူများ အထောက်အကူဖြစ်စေရန်နှင့် တိရစ္ဆာန်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က နွားနှင့်ဝက်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာစိုးအောင်က ဝက်အပြင်းဖျားရောဂါတို့ကို ရှောင်ရန်၊ ဆောင်ရန်များနှင့် မွေးမြူရေးခြံဖြန်းဆေးအကြောင်းအရာများ စသည်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါများနှင့်ပတ်သက် ၍ သိကောင်းစရာများကို အသိပညာပေးပြီးနောက် ကျေးရွာအတွင်းရှိ နွားနှင့်ဝက်များအား ဝက်သွေးအားနည်းနှင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူများအား လိုအပ်သည့်အကူ အညီနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)