မိုင်းငေါ့ ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်က အ.မ.က တာလုံ ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့် တိုက်မှူး ဒေါ်မို့မို့က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတရရှိရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရန် မွှေးကြိုင်သောလေလည်နံ ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)