ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ရွာလုကျေးရွာရှိ ကိုယ်ဝန်ဆောင်များအား Ngwe Bike Application ဖြင့် ကိုယ်ဝန်ဆောင်စာရင်းသွင်းခြင်းနှင့်ကျန်းမာရေးပညာပေးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း၊  စက်တင်ဘာ   ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ Ngwe Bike Application ဖြင့် ကိုယ်ဝန်ဆောင်စာရင်းသွင်းခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများကို၊ စက်တင်ဘာ(၈)ရက်နေ့ မွန်းလွဲ(၁)နာရီက ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်နှင့် ဝန်ထမ်းများသည်၊ ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင် ဦးဆောင်သည့်ဝန်ထမ်းများနှင့်အတူ ရွာလုကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦး၏ နေအိမ်တွင် ရွာလုကျေးရွာ၊ပေါက် သစ်ကျေးရွာနှင့် ရွာလတ်ကျေးရွာတို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၈)ဦးတို့ကိုNgwe Bike Application ဖြင့်ကိုယ်ဝန်ဆောင် စာရင်း ဖြည့်သွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများက ကျေးရွာအတွင်းရှိ ဝါးလက်မှုလုပ်ငန်းဖြစ်သော ဆန်ကော၊ ဆန်ကာရက်လုပ်နေသည့် လုပ်ငန်းခွင်သို့သွားရောက်၍ တစ်ခါသုံးနှာခေါင်းစည်း(Mask) များဝေငှပေးကြပြီး၊ ဒေါ်မြင့်ကေခိုင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လိုက်နာကျင့်သုံးရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)