ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှင်ဗွေယန် ဇွန် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အ​ခြေခံညာ အထက်တန်း​​ကျောင်းနှင့် အခြခံပညာ မူလတန်း​ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို (အ.ထ.က) ရှင်ဗွေယန်​ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က ရှင်ဗွေယန်​ကျောင်းအုပ်ဆရာမ​ကြီး ဒေါ်ခင်ညိုမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းပေး​​သော ရပ်မိရပ်ဖများနှင့် အလှူရှင်များအား​ ကျေးဇူးအထူးတင်ရှိကြောင်းနှင့် နောက်နောင်လည်း ကျောင်း၏ လိုအပ်ချက် များ ဆရာ၊ ဆရာမများနှင့်အတူ ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် (အ.ထ.က) ရှင်ဗွေယန်ကျောင်းအတွက် လက်ရေးလှ (၄၅)ဒါဇင်၊ ဗလာစာအုပ် (၃၅၀) ဒါဇင်၊ ခဲတံ (၁၀၁) ဒါဇင်၊ ဘောပင် (၅၂၅)ချောင်းနှင့် (အ.မ.က) ရှင်ဗွေယန်ကျောင်းအတွက် လက်ရေးလှ (၂၈) ဒါဇင်၊ ခဲတံ(၂၄)ဒါဇင်၊ ဗလာစာအုပ်(၅၇)ဒါဇင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်(ပြန်/ဆက်)