မြစ်ကြီးနား ဇွန် ၂၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဒညင်းသီးဈေးကွက်မှာ ဇွန်လ တတိယပတ်ခန့်မှ စတင်၍ ခူးဆွတ်ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရောင်းချနေကြောင်း မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ သီးနှံအရောင်းဈေးကွက်မှ သိရ သည်။
ယခုနှစ်အစပိုင်းတွင် ဒညင်းသီးဈေးကွက်မှာ တစ်လုံးလျင် (၅၀)ကျပ် ဝန်းကျင်ခန့် ရောင်းချ နိုင်ပြီး ယနေ့အထိ ဒညင်းသီးရောင်းချသည့်ဆိုင် အများအပြား ပေါ်ထွက်လာပြီဖြစ်ရာ ယနေ့ ပေါက်ဈေး ဒညင်းသီးဈေးကွက်မှာ အကြီး (၄၅) ကျပ်နှင့် အသေး (၄၀) ကျပ် ရောင်းချ နေကြောင်းနှင့် လတ်တလော နယ်ပို့ဝယ်လက် အများအပြား မရှိသေး ကြောင်း ဒညင်းသီး ရောင်းချသူများက ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒညင်းသီးဈေးကွက်တွင် ကျွဲဒညင်း၊ စာကလေးဒညင်း၊ စာလတ်ဒညင်း စသည်ဖြင့် ဒညင်းသီးမျိုးစုံ ထွက်ရှိပြီး ယခုနှစ် ဒညင်းသီးအပွင့်ပွင့် ကာလတွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် အထွက်နှုန်း ကောင်းကြောင်း ဒညင်းစိုက်တောင်သူများထံမှ သိရ သည်။
ခရိုင်(ပြန်/ဆက်)