တွံတေး ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့တွင် အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇင်မင်းဦး ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်နှင့်ပူးပေါင်းအဖွဲ့တို့မှ ယနေ့နံနက် ၁၀ နာရီအချိန်က မင်းပိုင်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့၊ ရွှေဆံတော်ဘုရားလမ်းတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ပူးပေါင်းအဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမြတ်စိုး၊၊ အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇင်မင်းဦး ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဖြစ်သော မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ယာဥ်စည်းကမ်း/လမ်းစည်းအား ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမှုရှိစေရေး ကားအစီး(၇၀)၊ သုံးဘီးဆိုင်ကယ်နှင့်အနှေးယာဉ်အစီး(၃၀)တို့အား အများပြည်သူ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး