လှိုင်းဘွဲ ဇွန် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကြီးကြပ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လှိုင်းဘွဲမြို့ပေါ်မှ အမှတ်(၁)မူလွန်ကျောင်း၊အမှတ်(၃)မူလွန်ကျောင်း၊ အမှတ်(၅)မူလွန် ကျောင်း၊ အထကကျောင်းနှင့် အထက(ခွဲ)ကျောင်းများမှ အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၃၃)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)