လားရှိုးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းဆောင်ရွက်

လားရှိုး ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊  ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က ရပ်ကွက်(၁) အတွင်းရှိနေအိမ်များသို့ကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်အေးအေးမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်အေးအေးမွန်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်(၁)၊ နယ်မြေ(၇)အတွင်းရှိ နေအိမ်များသို့ကွင်းဆင်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကျန်ရှိသောရပ်ကွက်များတွင် လည်း သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး