ပုဗ္ဗသီရိ ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၃၉)၊ ဆိတ်နံတုံးကွင်းအတွင်းရှိ လယ်မြေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့ချခြင်းသရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးနိုင်ဦးက ကောက်စိုက်စက်နှင့် တွဲဘက်သုံးမျိုးစေ့ချကိရိယာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က လယ်ယာမြေဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်က စပါးမျိုးစေ့ချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ “ မျိုးစေ့ချကိရိယာကို အသုံးပြုခြင်းဟာ တိကျခြင်းမှုရှိ ခြင်း၊ မျိုးစေ့များ လေ့လွင့်ပြုန်းတီးမှု သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ သီးနှံများ ကိုလည်း အချိန်မီစိုက်ပျိုးနိုင်မှာဖြစ်ကြောင်း၊ သီးနှံတစ်ခုနှင့်တစ်ခုကြားမှာ အတစ်အတွင်း သုံးသီးဆိုပါကလည်း သူ့အချိန်နှင့်သူလုပ်ကိုင်နိုင်မှာဖြစ်ကြောင်း၊ လူအင်အားကိုလည်း အနည်း ဆုံးသုံးပြီး အခြားစိုက်ပျိုးရေး လုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့်လည်း စက်အစအစက်အဆုံးဖြစ်အောင် အဆင့်အလိုက် တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တောင်သူတွေအနေဖြင့်လည်း သီးထပ်သီးညှပ်များ စိုက်ပျိုးခြင်းဖြင့်လည်း မိသားစုဝင်ငွေတိုးလာမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးဦးနိုင်ဦး၊ ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထိန်လင်းဟန်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာများရှိ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)