မန္တလေးမြို့တွင် ကီလိုမာလကာသီးများ ဈေးကောင်းရရှိ

မန္တလေး ဇွန် ၂၆

မန္တလေးမြို့ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ကီလိုမာလကာသီးများမှာ အလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀/-အထိ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။

“မာလကာသီးက တစ်နှစ်ပတ်လုံးသီးတယ်။ အဖြူသီးနဲ့အနီသီးရှိပြီး အဖြူသီးကို ပိုကြိုက်ကြတယ်။ မာလကာသီးရောင်းရင် တို့စားဖို့ အမှုန့်ထုပ်လေးတွေပါ လက်ဆောင်ထည့်ပေး ရပါတယ်။ အသီးအရွယ်အစားအလိုက် အကြီး၊ အလတ်၊ အသေး အစားစားရှိပါတယ်။ ဈေးကတော့ပွဲရုံဈေး၊  တစ်ဆင့်ပြန်ရောင်းဈေးကွာပါတယ်။ ခြံဈေး၊ တိုက်ရိုက်ဈေးပေါ့။ ကီလိုမာလကာသီးက ဒီအတိုင်းစားကြတာထက် သုပ်စားကြတာပိုကြိုက်ကြတာမို့ အချဉ်ပေါင်း သည်တွေ၊ အသီးဆိုင်တွေမှာ မရှိမဖြစ်ဝယ်ထားရတဲ့အသီးပါ” ဟု တစ်ဆင့်ရောင်းချသူ တစ်ဦးက ရှင်းပြပါသည်။

လက်ရှိ ကီလိုမာလကာသီးအကြီးကို (၁၀) လုံးလျှင် ၇၀၀၀/-၊ အသီးလတ်ကို (၁၀) လုံးလျှင် ၅၀၀၀/-၊ အလုံးသေး (၁၀) လုံးကို ၃၀၀၀/-နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)