နောင်ချို ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အတွက် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဈေးရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလိုက်ပါ၍ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပညာပေးပြောကြားခြင်း၊ ပိုးလောက်လန်း မပေါက်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဈေးရပ်ကွက်၊ နယ်မြေ(၁၀)ခုတွင် အဖွဲ့(၁၀)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို အပတ်စဉ်သောကြာနေ့တိုင်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)