နေပြည်တော် ဇွန် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်တို့က ကလေးအလုပ်သမားများအကြောင်း၊ ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်း၊ ကလေးအလုပ်သမားများအတွက် ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းခွင်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားများကိုစေခိုင်းမှု၊မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများနှင့်ပတ်သက်ပြီး အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)