ကိုကိုးကျွန်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ မိုးတွင်းကာလအတွင်း ခြင်ပေါက်ပွားမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကိုကိုးကျွန်း မြို့နယ်ကျန်မာရေးဦးစီးဌာနမှ ဒေါက်တာ မို့မို့ကျော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင်းအိမ်တိုင်းသို့ ရေတွင်း၊ ရေအိုးနှင့် ရေပုံးများအတွင်း အဘိတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရေပုံး၊ ရေအိုး၊ ရေခွက်များကို မည်သို့မည်ပုံထားရှိရမည်ဖြစ်ကြောင်းကို အသိပညာပေးခြင်းများကို ပြည်သူလူထုသိစေရန် ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ခြင်ပေါက်ပွားခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ မိုးတွင်းကာလတွင် ဖြစ်ပေါ်တက်သော အခြားရောဂါလဏ္ခာများ မဖြစ်ပေါ်စေရန် ခြင်ဆေးဖျန်းခြင်းနှင့် ရေတွင်း၊ ရေကန်များ အဘိတ်ပိုးသက်ဆေးများ ဖျန်းပေးခြင်းလုပ်ငန်များကို အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)