နောင်ချိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ

နောင်ချို   ဇွန်  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ဆက်လက်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)၊ မဟာဗျူဟာ(၃)ရပ်နှင့် ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်း ကာကွယ်လျက်ရှိ စသည့်မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေမည့် အမှာစကားကောက်နုတ်ချက်များ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)