နမ့်ဆန် ဇွန် ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲ ဇယ်ဘန်ကောက်ကျေးရွာနှင့် အခြေခံပညာမူလတန်းကျောင်း မန်ပန်ကျေးရွာတို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမ များက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
နမ့်ဆန်မြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ ဘန်ကောက်ကျေးရွာနှင့် အခြေခံပညာမူလတန်း ကျောင်းမန်ပန်ကျေးရွာတို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် ကျောင်းသား/ ကျောင်းသူ(၃၈)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၅၆)ဦး စုစုပေါင်း(၉၄)ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောကျောင်းသား/ သူမျာအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ(၇၅၉)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား /ကျောင်းသူ (၅၅၈)ဦး စုစုပေါင်း (၁၃၁၇)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)