သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု(၁၀၆)စု လူဦးရေ(၅၀၀)ဦးအားပြောင်းရွှေ့ပေး

သပိတ်ကျင်း ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် အိမ်ထောင်စု(၁၀၆)စုနှင့် လူဦးရေ(၅၀၀)ဦးတို့အား ယမန်နေ့က ပြောင်းရွှေ့နေရာချ ထားမှုများ တာဝန်ရှိသူများမှ ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့နေရာချထားသည့် နန္ဒမာလာရွာမဘုန်းတော်ကြီးကျောင်းဇရပ်(၈)နေရာသို့ မြို့နယ်သဘာဝဘေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေသန့်ဘူးနှင့်အစားအသောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါကျေးရွာသည် ဧရာဝတီမြစ်ရေကြီးချိန်တွင် နှစ်စဉ် ရေနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်များကို ကြိုတင်ပြောင်းရွှေ့နေရာချထားမှုများ ကြိုတင်စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)