မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ‌ဇွန် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ မြစ်ငယ်ကျော်မော်က မူးယစ်အစဆေးလိပ်က ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အကြီးကိုကို(ကသာ)က လူငယ်အနာဂတ် တိုင်းပြည်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲကို ကချင်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်းဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ဆရာ/မများနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့သည်။

အလားတူ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ယနေ့မွန်းလွဲ (၁) နာရီ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

ယော်ဆောင်(ပြန်/ဆက်)