စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲခင်းကျင်းပြသ

စဉ့်ကူး ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ခင်းကျင်းပြသခဲ့သည်။

အဆိုပါစာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ မြန်မာ့သမိုင်းကြောင်းစာအုပ်များ၊ စကားပုံစာအုပ်များ၊ အတွေးအခေါ်စာအုပ်များ၊ ဆေးပညာစာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးစာအုပ်များ၊ နည်းပညာစာအုပ်များ၊ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်းရုပ်ပြစာအုပ်များနှင့် ကလေးစာပေများ၊ လူငယ်အကြိုက် စိတ်ဝင်စားဖွယ် သုတ/ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ပြည်သူများ စာပေဖတ်ရှုလေ့လာလိုစိတ်တိုးပွားစေရန်၊ စာအုပ်စာစောင်များအား ချစ်မြတ်နိုးတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)