သီပေါမြို့နယ်အခြေခံပညာကျောင်းများတွင်စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

သီပေါ ဇွန် ၂၄

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၂) အခြေခံပညာလယ်တန်းကျောင်းခွဲသို့ ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက မူလတန်းအဆင့် ကလေးငယ်များအား စာဖတ်ခြင်း၏အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အသိပညာပေးရုပ်ပြကာတွန်းစာအုပ် နှင့် ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက အသိပညာပေး စာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်း  သိရသည်။

ခင်လေး(သီပေါ/ပြန်/ဆက်)