သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေး

သာစည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၆ နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြသနာနှင့် ဖွံဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ် နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည်ဖြင့် ဖော်ပြပါရှိသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သင်းသင်းနှင့် ဝန်ထမ်းများက ကျောင်းသား/သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)