အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲမျ

ရန်ကုန်   ဇွန်  ၂၃

၂၀၂၂-ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများအားစတင်ရာ ကဗျာရွတ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ ပုံပြောပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးနှင့် ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်အဖြစ် အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးဘိုကြည် က ဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးတွင် ပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု့ခဲ့ကြပြီး အဆိုပါပြပွဲများနှင့်ပြိုင်ပွဲများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကို မသုံးမိစေရန်၊ မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်စေရန်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သိရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)