တုံတာ ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် တုံတာမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာထောက် ၃ ဒေါ်အဲန်းမေရီက ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောခဲ့ပြီး၊ ပန်းချီပြိုင်ပွဲကို အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်အမှတ် အကြို ပန်းချီပြိုင်ပွဲကို တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန့်မ၌ ကျင်းပပြုလုပ်ခဲ့ရာ ပန်းချီဝင်ရောက်ရှင်ပြိုင် သူကျောင်းသား၊ ကျောင်းသူများအား ဆုချီမြှင့်ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဲန်းမေရီ