ကျိုင်းတုံ ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၂၃ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပ သည်။
အသိပညာပေး ဟောပြောပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျိုင်းတုံခရိုင်တိုင်းရင်းဆေးမှူး ဦးမင်းဟန် နှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူတို့က မိုးရာသီတွင် ဖြစ်တတ်သော ရောဂါများနှင့် တိုင်းရင်းဆေးပညာဆိုင်ရာအကြောင်း သိကောင်းစရာများကို အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း(ကျိုင်းတုံ)မှ သင်တန်းသူများအား အသိပညာပေးဟောပြောပြီး မြန်မာ့တိုင်းရင်းဆေးပညာနှင့် တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဉပဒေနှင် ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး၊ ပြည်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)