ညောင်ဦး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ပနီတွင်းကျေးရွာနှင့် ညောင်လှကျေးရွာစာသင်ကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်ကသောက်သုံရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ပနီတွင်းကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀)နှင့် ညောင်လှကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦး ပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၆၁၂၀၀)ဂါလံလှူ ဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံက သိရသည်။
ကိုကြေးမုံ