ကလော ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမရှေ့၌ ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့လေ့လာလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာ စောင်ထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့်အကြောင်းအရင်းများနှင့် မူးယစ်ဆေးမသုံးဘဲ အခြားပြုလုပ်သင့်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါကစိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်း၊ လူငယ်လူရွယ်များအလွဲသုံးရာမှ စွဲတက်စေသည့်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဥပဒေဖြင့် ကန့်သတ်ထားသောဆေးဝါးများ အကြောင်းပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့ လာရောက်ကြသည့် ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာလျက်ရှိကြောင်း သိရသည်။
ကျော်ဝင်း(ကလော)