မိုင်းပျဉ်းမြို့တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှု မှတ်တမ်းများ ပြသဆောင်ရွက်

မိုင်းပျဉ်း  ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှု မှတ်တမ်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြသဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မှုမှတ်တမ်းများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားအဖွဲ့အစည်းများအားဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်များ၊ ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း(၁)နှင့်နောက်ဆက်တွဲများ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)နှင့် နောက်ဆက်တွဲများ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)နှင့် နောက်ဆက်တွဲများ၊ ဘာသာပေါင်းစုံအဖွဲ့အား တွေ့ဆုံမှုများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ချုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့မှုများ၊ ၂၀၁၁ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများနှင့် နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည့်မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ပါသည်။

မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်အကျိုးငှာရှေးရှု၍ အသိပညာပေးနံရံကပ်စာစောင်/ ဓာတ်ပုံပြသခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)