လားရှိုး ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အသိပညာဟောပြောပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကို အသိပညာပေးဟောပြောပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးလူထုအခြေပြုဗဟိုဌာနမိတ်ဆက်နှင့် လူမှုကွန်ယက်မီဒီယာအသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ မီဒီယာပြောင်းလဲလာပုံအဆင့်ဆင့်၊ သတင်းမှား/သတင်းမှန်ခွဲခြားသုံးသပ်ရေး စသည့်အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး