ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလိန်အောင်  ဇွန်  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်  အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကား‌ပြောကြားပြီး ရေဖြူမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူး ဒေါ်ဖြူသီထွဏ်းက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍအထူးလေ့လာလိုက်စားစေလိုကြောင်း၊ အားကစားနည်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့‌နောက် ရေဖြူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်ဖြူသီထွဏ်းက ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအားကစား ပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက လက်ခံရယူခဲ့ပြီး  အားကစားအသိပညာ‌ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ရေဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်ဖြူသီထွဏ်း၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)