ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ပိုင်ကျုံ  ဇွန်  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့မွန်းလွဲ () နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Youth Club)အသင်း အဖွဲ့ဝင်များစုပေါင်း၍ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာစာစောင်အတွဲ(၄၇)၊ အမှတ်(၁၂)စာအုပ်ဖြင့် စာရေးဆရာ ရဲရင့်နဒီရေးသားသည့် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ဆောင်းပါးဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  ပိုင်ကျုံမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်နော်ခူးခူးက  စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် “သုတပ‌ ဒေသာစာစောင်” စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် မောင်အောင် အောင်ဦးက မူးယစ်ဆေးဝါးဆိုသည်မှာ အဘယ်နည်း၊ လူငယ်များအတွက် မူးယစ်ဆေးဝါးသည် အဘယ်ကြောင့်အထူးအန္တရာယ်ရှိသနည်းစသည့် အကြောင်းအရာများကိုလည်းကောင်း၊ နော်စန္ဒာမိုးက လူငယ်များသည် မည့်သည့်ဆေးဝါးများကို အများဆုံး အသုံးပြုကြသနည်း၊ အဘယ်ကြောင့်လူငယ်များသည် မူးယစ်ဆေးဝါးသုံးစွဲကြသနည်း စသည့်အကြောင်းအရာများ ကို ဖတ်ကြားဆွေးနွေးပြီးမြို့ ဦးစီးမှူးဒေါ်နော်ခူးခူးက ကျောင်းသားလူငယ်များမှ ဖတ်ကြား ဆွေးနွေးသည့် အကြောင်းအရာများကို ထပ်ဆင့်ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ (Youth Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက “လူငယ်နှင့်မူးယစ်‌ ဆေဝါးအန္တရာယ်ဆောင်းပါးအကြောင်းအရာများနှင့်သိသင့်သိထိုကသည်များကို အချင်းချင်းဗဟုသုတ ဖလှယ်၍အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)