နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး

တပ်ကုန်း ဇွန် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။  

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တပ်ကုန်းမြို့နယ်အတွင်းဆောင်ရွက်မည့်လမ်းလုပ်ငန်း၊ အဆောက်အဦလုပ်ငန်းနှင့် လျှပ်စစ်မီးလုပ်ငန်းတို့အတွက် ငွေကြေးအဆိုပြုလွှာ စုစုပေါင်း Lot (၁၄)ခုတို့အား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်တင်ဒါကော်မတီဝင်များနှင့် ငွေကြေးအဆိုပြုလွှာတင်သွင်း ထားသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

တင်စိုးလွင်