မန္တလေး ဇွန် ၁၇
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုနိုင်ရန်အတွက် ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂၇)၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
"အဓိကက ကျောင်းသား၊ကျောင်းသူတွေ ကျောင်းပိတ်ရက်အားလပ်ချိန်မှာ လွယ်လင့်တကူ စာပေဖတ်ရှုလေ့လာနိုင်စေဖို့၊ စာပေဗဟုသုတနဲ့ပြည့်စုံတဲ့ ထူးချွန်ထက်မြက်သူတွေဖြစ်လာစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ လာရောက်ငှားရမ်းပေးခြင်းဖြစ်ပါတယ်" ဟု မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ နှစ်ပတ်တစ်ကြိမ် စာအုပ်များကို မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်