နမ့်ခမ်းမြို့၌ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက  မြို့နယ်စီမံအုပ်ခိုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံ

နမ့်ခမ်း  ဇွန် ၁၇

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နမ့်ခမ်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ယနေ့ နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အမှာစကားပြောကြားပြီး နမ့်ခမ်းမြို့ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိဌာန၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ ဝန်ထမ်းလိုအပ်ချက်များနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြပြီး ဒုတိယတိုင်းမှူးက ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်အပေါ် ညှိနှိုင်းဆွေးခြင်း၊ ဒေသအခြေအနေ အခက်အခဲများအပေါ် လုံခြုံရေးသတိ နေထိုင်သွားလာခြင်း၊ စာသင်ကျောင်းများတွင် ပညာတက်ရောက်သင်ကြားနေသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခြင်း၊ မြို့နယ်သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း ဆောင်ရွက်ရေးနှင့်် လိုသည့်များကိုပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

တွေ့ဆုံပွဲသို့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)