၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ထုတ်နှင့်စံပြကွက်စိုက် တောင်သူများအား မျိုးစေ့ပေးအပ်

ဘုတ်ပြင်း ဇွန်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(IHTVA)အောက်လိပ်၌ ၂၀၂၂ ခုနှစ် မိုးရာသီမိုးစပါးမျိုးစေ့ထုတ်နှင့် စံပြကွက်စိုက်တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်သပြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာများမှ တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကော့သောင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဆွေဦးမှ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာဆောင်ရွက်ရသည့်ရည်ရွယ်ချက်များရှင်းလင်းပြောကြားခြင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးမြင့်လွင်က စိုက်ပျိုးမျိုးစေ့ဆိုင်ရာနည်းပညာများကိုလည်ကောင်း၊ ဘုတ်ပြင်းမြို့နယ် ဦးစီးမှူး ဦးညွှန်ဝင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(IHTVA) အောက်လိပ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်လင်းပြောကြားသည်။

ယင်းနောက် မိုးရာသီ မိုးစပါးမျိုးစေ့ထုတ်နှင့်စံပြကွက်စိုက် တောင်သူများအား တာဝန်ရှိသူများက စိုက်ပျိုး မျိုးစေ့များအား အသီးသီးပေးအပ်ခဲ့ကြသည်။ဆက်လက်၍ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်သည့် အောက်လိပ်ကျေးရွာမှ တောင်သူ (၇)ဦးအား ခရိုင်ဦးစီးမှူးက GAP အသိအမှတ်ပြု လက်မှတ်များကို ပေးအပ်ခဲ့ကြောင်းသိရ သည်။

မြို့နယ်( ပြန်/ဆက်)