ဆီဆိုင် စက်တင်ဘာ ၇
ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဟိုခဲရပ်ကွက်၊ ပင်စုံ ကျေးရွာအုပ်စု၊ နောင်ကျော ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ မြို့နယ် ခန်းမဆောင်၌ပြုလုပ်ခဲ့သည်။
တွေ့ဆုံရာတွင်ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ချပြ ရှင်းလင်းရေး အဖွဲ့ခေါင်းဆောင် ကလောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် နှင့် ဆီဆိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး တို့က ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုနှင့် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ နှင့် အမှတ်(၄၂၃)ခြေမြန်တပ်ရင်း၊ အမှတ်(၄၂၄)ခြေမြန်တပ်ရင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာအဖွဲ့တို့ မြေယာပြဿနာဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီမှ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ အား ဒေသခံတောင်သူများ သိရှိနားလည်စေရန် ချပြ ရှင်းလင်းကြပြီး တက်ရောက်လာသည့် တောင်သူများတို့က သိမ်းဆည်းမြေ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာချပြ ရှင်းလင်းအဖွဲ့ မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ချပြရှင်းလင်းရေးအဖွဲ့ခေါင်းဆောင် ကလောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်၊ ဆီဆိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးခွန်လှသိန်းနှင့် ဦးခွန်မောင်ပယ်၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်၊ ဆီဆိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ တောင်သူ လယ်သမားရေးရာ လူမူအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်